Pages

Saturday, September 15, 2012

လာဘ်လာဘရွှင်လန်း အောင်ယတြာနည်း

လာဘ်လာဘရွှင်လန်း အောင်၊ ငွေကြေး ကံဇာတာကောင်းမွန်အောင်၊ ငွေကြေး ပြေလည်အောင်ငွေကြေးတွေ ထီပေါက်သလို ၀င်ရောက်လာအောင်တဖြည်းဖြည်း ကြီးပွားချမ်းသာလာအောင်လွယ်ကူတဲ့ ယတြာနည်းကို ပေးချင်တာပါ။ ဒီယတြာနည်းက တကယ်ကို ထိရောက်ပါတယ်။ လွယ်ကူမှု့လည်း ရှိပါတယ်။ အရောင်းအ၀ယ်သမားတွေ ဆိုရင်လည်း ရောင်းပန်းဝယ်ပန်း ပွင့်လန်းလာစေပါတယ်။ နောက်ပြီး ဒီယတြာလုပ်ပြီးတဲ့ နောက်ပိုင်းမှာ လက်ထမှဲာ ငေမွ ပြတ်တော့ဘူး။ သူ့အတိုင်းအတာနဲ့ သူ အဆင်ပြေလာပါတယ်။ ယတြာအကြောင်း စကြရအောင်။ ယတြာက လူမျိုးမရွေး ၊ ဘာသာမရွေး ဆောင်ရွက်လို့ ရပါတယ်။ ငေအွိုးထဲမှာ တစ်နေ့ကို ငေတွ စ်ဆယ်ကျပ်စုပါ။ ငေမျွားလာပါက၎င်းစုဆောင်းထားတဲ့ ငွေေ တထွ ကဲ နေယူပြီး သူတော်စင်ကို ဖြစ်စေ၊ ရဟန်းသံဃာတော်များကိုဖြစ်စေ ဆွမ်းချက်လှူဒါန်းရမှာ ဖြစ်ပါတယ်။ အဲဒီ ယတြာကို ဆောင်ရွက်ပြီး ရက်ပိုင်းလှပိုင်းအတွင်း စီးပွားရေးတွေ တရိပ်ရိပ်တိုးတက်လာပါလိမ့်မယ်။ ဒါကြောင့် ဒီယတြာနည်းကို တိတိကျကျ လုပ်ဆောင်နိုင်ဖို့ စနစ်တကျ ပြောပြလိုက်ပါတယ်။ လေးထောင့်လင်ဗန်းတစ်ချပ်လိုပါတယ်။ (မည်သည့်လင်ဗန်းမဆို ဆောင်ရွက်လို့ ရပါတယ်။ ကြေးလင်ဗန်း၊ ကော်လင်ဗန်း၊ ငွေလင်ဗန်း၊ စတီးလင်ဗန်း၊ ယွန်းလင်ဗန်း မည့်သည့်လင်ဗန်းမဆို ဆောင်ရွက်လို့ရပါတယ်။ လင်ဗန်းက လေးထောင့်ပုံ ဖြစ်ရမည်။ အ၀ိုင်းဖြင့် ပြုလုပ်၍ မရပါ။) အဒဲီလေးထောင့်လင်ဗန်းရဲ့ အလယ်မှာ ငွေေ ရာင်သုတ်ထားတဲ့ အတာအိုးတစ်လုံး တင်ရမယ်။ ငွေေ ရာင်အိုးကို လည်း သုံးလို့ ရပါတယ်။ ငွေအိုးလို့ သတ်မှတ်ပညတ်ပေး၍ ခေါ်ဆိုရပါမည်။ အဲဒီငွေအိုးကို အဖုံးဖုံးရမယ်။ အဖုံးပါသော အိုးဖြစ်ရမယ်။ အဖုံးမပါက သင့်တော်သော မြေနှင့် ပြုလုပ်ထားသောအဖုံးကို ငွေရောင်သုတ်၍ အိုးဖုံးပြုလုပ်ရင်လည်း ရပါတယ်။ နောက်ကြွေပုဂံပြားအဖြူ (၂)ချပ်လိုပါတယ်။ ၎င်းကြွေပန်းကန်ပြား (၂)ချပ်သည် ပန်းကန်ပြားငယ်များ ဖြစ်ရမယ်။ ကော်ဖီ၊လက်ဘက်ရည်အောက်ခံပန်းကန်ပြားငယ်များကိုလည်း အသုံးပြုနိုင်ပါသည်။ ယတြာ စတင်ဆောင်ရွက်ရမည့်နေ့သည်မည်သည့်နေ့သားသမီးမဆို တနင်္လာနေ့နံက်(၉း၄၅)တွင် စတင်ဆောင်ရွက်ရန်ဖြစ်ပါသည်။ ယတြာဆောင်ရွက်ပုံအပြည့်အစုံ အမြင့်တစ်နေရာရာတွင်လင်ဗန်းတင်ပါ။ လင်ဗန်းပေါ်တွင်ငွေအိုးတင်ပါ။ ငွေအိုးအတွင်း ငွေကျပ်တစ်ဆယ် ထည့်ပါ။ ငွေအိုးကို အဖုံးဖုံးပါ။ ငွေအိုး၏ တစ်ဖက်တစ်ချက်တွင်ကြွေပန်းကန်ပြားတစ်ချပ်စီ ၀ဲယာရံ၍ ထားပါ။ အုန်းယိုကို ပန်းကန်ပြားတစ်ချပ်တွင်ထည့်ပါ။ နောက်တစ်ချပ်တွင်ဇီယိုကို ထည့်ပါ။ အဒဲီနောက် ငေအွိုးအဖုံးပေါ်တငွ် ဖယောင်းတိုင် အဖြူကို ထနွ်းပေးပါ။ စတင်ဆောင်ရက်ွတ့ေဲ န့က တနလာင်္ နေ့ နံက်(၉း၄၅) ဖြစ်ရမယ်။ နောက်နေ့များတွင်အုန်းယို ဇီးယိုဖြည့်ခြင်း ၊ ငွေတစ်ဆယ်ငွေအိုးထဲကိုထည့်၊ အဖုံးပေါ် ဖယောင်းတိုင်စတင်ထွန်းခြင်းများကို အချိန်မရွေး အားလပ်ချိန်များတွင် ဆောင်ရွက်နိုင်ပါသည်။ နေအိမ်မှာပဲဖြစ်ဖြစ်၊ အလုပ်နေရာတွင်ပဲဖြစ်ဖြစ်၊ ဆောင်ရွက်နိုင်ပါတယ်။ မြင့်မြတ်သော နေရာတွင်ဆောင်ရွက် ရပါမည်။ စုဆောင်းထားသောငွေများ များပြားလာပါက ရဟန်းသံဃာတော်(သို့) သူတော်စဉ်များကို ဆွမ်းချက် လှူဒါန်းပါရန်။ တင်ထားသော အုန်းယို ၊ဇီးယိုများကို နေ့မကူးမီစွန့်ပစ်ပါ။ နေ့စဉ်အသစ်ကပ်လှူပါ။ မိတ်ဆေ.ွ .. သင်သည်အတိတ်ကံလွန်စွာအားကောင်းသော သူဖြစ်မယ်ဆိုရင်တော့ မုချကြီးပွားချမ်းသာ ပြည့်စုံလာပါလိမ့်မယ်။ ဒါမှမဟုတ်လို့ ရှေးဘုန်းရှေးကံ အားနည်းသူဖြစ်တယ်ဆိုရင်တော့ ငွေကြေးနှင့်ပါတ်သက် ၍ ချောင်လည်လာပါလိမ့်မယ်။ ကဲ... ကျွန်တော် လက်ဆောင်နှစ်ခုပေးလိုက်ပါတယ်။ တစ်ခုက စကားလက်ဆောင်ပါ။ နောက်တစ်ခုကတော့ ယတြာလက်ဆောင် ဖြစ်ပါတယ်။ အဲဒါလက်ဆောင်နှစ်ခုဟာ မိတ်ဆွေများ အတွက်ကြီးပွားချမ်းသာခြင်းသို့ သွားသော လမ်းခရီးအတွက်အထောက်အကူအထောက်အပံအနည်းငယ်ဖြစ်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More