Pages

Monday, December 14, 2009

အောင်မြင်သောအိမ်ထောင်ရေး

တစ်နေ့ သော အခါတွင် လင်မယားစုံတွဲ တစ်စုံ သည် သူတို့ ၏ ၂၅
နှစ်မြောက်ရွှေရောင်မင်ဂလာဆောင်နှစ်ပတ်လည်အခမ်းအနားကို ကျင်းပသောဟူ၏။
လွန်ခဲ့သော ၂၅ နှစ်လုံးလုံးအတွင်း ခွန်းကြီးခွန်းငယ် တုံ့ပြန်ရန်ဆောင်ခြင်းတစ်ခါမျှပင်
မရှိခဲ့ဖူးသော သူတို့ ၏ အိမ်ထောင်ရေးအတွက်ကြောင့်လည်း သူတို့ လင်မယားသည်
မြို့ နေလူထုအတွင်း ပြောမဆုံးပေါင်တောသုံး ထောင် ကျော်ကြားလျက်ရှိနေ၏။

မြို့ ခံ သတင်းစာ အက်ဒီတာများလည်း သူတို့ လင်မယား၏
"ပျော်ရွှင်သောအိမ်ထောင်ရေး" ၏ သော့ချက်ကို စိတ်ဝင်စားလွန်း
သည့်အလျောက် နှစ်ပတ်လည်အခမ်းအနားသို့ စုရုံးရောက်ရှိလာကြလေသည်။

အက်ဒီတာ။ ။ ဆရာကြီးခင်ဗျား.....ဒီလောက်နှစ်အရှည်ကြီးတွေထဲမှာ
တစ်ခါတစ်လေလေးလောက်တောင်အချင်းများကြဘူးဆိုတာမယုံနိုင်စရာကောင်းလောက်အောင်
အံ့သြဖိုကောင်းလှပါတယ်........ဘယ်လို လုပ်ပြီးတော့များ ဒီလိုနေနိုင်ကြတာလဲဗျာ????



လင်ဖြစ်သောသူသည် သူတို့ လင်မယား ၏ ပထမဆုံးသော ပျားရည်ဆမ်း ခရီး ကို
ပြန်လည်အမှတ်ရလာသည့် ဟန်ဖြင့်အောက်ပါအကြောင်းအရာတို့ ကို ပြန်လည်ပြောပြလေ၏။

လင်။ ။ လက်ထပ်ပြီးပြီးချင်း ပဲ ကျွန်တော်တို့ စုံတွဲ ဆင်းမလား(Shimla) ကိုပျားရည်ဆမ်းခရီးထွက်ကြတယ်ဗျ...စီးဖို့ မြင်း တစ်ကောင်စီ ကို သေသေချာချာ စီစီစစ်စစ်
ရွေးကြပြီးတော့..ကျွန်တော်တို့ နှစ်ယောက်သားမြင်းတစ်ကောင်စီနဲ့  ခြေဆန့် ကြရော ဆို ပါတော့ဗျာ..........
ကျွန်တော်စီးတဲ့ မြင်းက တော်တော်လေးအဆင်ပြေပါတယ်...နို့ပေမယ့် ချစ်ဇနီးလေး စီးတဲ့မြင်းကတော့
တော်တော် ပေဇောင်းဇောင်းရှိတယ်ဗျ...
ဒီအတိုင်းစီးနေရင်းနဲ့ ရှေ့ နားလေးလည်းရောက်ကရောမောင်မင်းကြီးသား က ထဖောက်ပြီးတော့
ရုတ်တရက်ဆိုသလိုထခုန်လိုက်ပါလေရော......ကျွန်တော့်ရဲ့အသည်းလေး က ကျွမ်းထိုးမှောက်ခုံ
ပြုတ်ကျသွားတော့တာပေါ့...........


သူကသဲပြင်ပေါ်ကနေလူးလဲထလိုက်ပြီးတော့.....မြင်းရဲ့ကျောကို

ညင်ညင်သာသာလေးပွတ်ရင်း" တစ်ခါရှိပြီနော်" လို့ ပြောလိုက်တယ်.........ဒီလို နဲ
့မြင်းပေါ်ကို ပြန်တက်ပြီး ဆက်စီးနေပါလေရော....

တစ်အောင့်လောက်ကြာတော့ မြင်းကသူ့ကိုကျအောင်လုပ်လိုက်ပြန်တယ်....
ဒီတစ်ခါလည်း သူမ ကအေးအေးလေးနဲ့ ပဲ "နှစ်ခါ ရှိပြီနော်"လို့ ပြောပြီးဆက်စီးသွားပြန်တယ်..........

တတိယအကြိမ် မြင်းပေါ်က ကျတော့....လားလား......ကျွန်တော့်ချစ်မွေးလေး က
သူ့ အိတ်ထဲက ခြောက်လုံးပြူး ကို အသာကလေးထုတ်ပြီးတော့မြင်းကို ပစ်သတ်လိုက်တယ်ဗျို့ ........

ကျွန်တော်လည်း စိတ်မထိန်းနိုင်လို့  သူ့ ကို"မင်းဘာလုပ်လိုက်တာလဲ ကွ အရူးမရဲ့.....
သနားစရာမြင်းလေးခဗျာသေရှာပကော.........မင်းရူးများရူးနေသလားကွ" လို့ အော်ပြောလိုက်မိတယ်......

သူကျွန်တော့်ကို ဘုကြည့် ကြည့်ပြီးတော့ " ရှင် တစ်ခါရှိသွား ပြီနော်!!!!!!!" လို့ ပြောတော့တာကိုး


ဒါပါပဲဗျာ...ဒီ့နောက်ပိုင်းတစ်လျေက်လုံးတော့ ကျွန်တော်တို့ပျော်ပျော်ရွှင်ရွှင်ပဲနေလာလိုက်တော့တယ်..........

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More